ပုတက်ကာတွန်းကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် အပတ်စဉ်ကာတွန်းဂျာနယ်အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာကာတွန်းများကို တမူထူးခြားစွာ ဆေးရောင်ခြယ်ပြီး ထုတ်ဝေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင်www.putet.com.mm အမည်ဖြင့် အခပေး website ကို တည်ထောင်ခဲ့ပါသည်။ ထိုနှစ်တွင်ပဲ Putet Comics Application ဗားရှင်း ၁.၀ ကို စတင်ဖြန့်ချိခဲ့ပါသည်။ ထိုစဉ်က အခပေးဖတ်ရှုသူ ၁၀၀ ကျော်သာ ရှိသည့် အတွက် အောင်မြင်သည့် အတိုင်းအတာကို ရောက်ရှိသည်ဟု မဆိုနိုင်ခဲ့ပါ။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် Putet Comics Application ဗားရှင်း ၂.၀ ကို ACK & Co Services Company Limited မှထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Putet World အမည်ဖြင့် ဗားရှင်းအသစ် ထပ်မံထွက်ရှိခဲ့ပြီး Silicon Straits Saigon မှ တာဝန်ယူရေးဆွဲခဲ့ပါသည်။ များမကြာမီတွင် ဗားရှင်း ၃.၀ ထပ်မံထွက်ရှိခဲ့ပြီး Revo Tech မှ ပြန်လည်ပြင်ဆင်ရေးဆွဲပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဖုန်းအော်ပရေတာများမှတဆင့် ငွေပေးချေသော လစဉ်ကြေးစနစ်မှ ကြော်ငြာကြည့်၊ စိန်ပွင့်စုပြီး အခမဲ့ အသုံးပြုနိုင်သော Application အဖြစ် ထပ်မံပြောင်းလဲခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် မိုဘိုင်းဘဏ်ပေးချေမှုစနစ်များ Mobile Banking Payment Methods ကို အသုံးပြုပြီး ဖုန်းအော်ပရေတာမလိုဘဲ ကိုယ်တိုင်တိုက်ရိုက် ငွေပေးချေနိုင်ရန် Putet Comics 2.0 အဖြစ် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။

